ခေတ်မီ Economy Diploma Program

ခေတ်မီ Economy Diploma Program


အခက်​အခဲ အမျိုးမျိုးကြားက နိုင်​ငံတကာက အင်​ဂျင်​နီယာပညာရပ်​​တွေကို သင်​ကြားလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အခက်​အခဲမရှိတက်​​ရောက်​နိုင်​မယ့် ထူးခြားတဲ့ အစီအစဉ်​​ ကျွန်ုပ်တို့ FEG Institute မှာ ရှိ​နေပါပြီ -

ခေတ်မီ Economy Diploma Program
စီးပွား​ရေးအခက်​အခဲများကြုံ​တွေ့​နေ​ရ​သော ​ယ​နေ့​ခေတ်​အ​ခြေအ​နေများ​ကြောင့် မြန်​မာနိုင်​ငံတွင်​ တက်​​ရောက်​သင်​ယူနိုင်​သည့် နိုင်​ငံတကာအသိအမှတ်​ပြုပညာရပ်​များကို သင်​ယူနိုင်​ရန်​ သင်​တန်း​ကြေး အခက်အခဲရှိ​သော ​ကျောင်းသားများအတွက်​ တစ်​ဖက်​တစ်​လမ်းမှ တတ်​နိုင်​သမျှ ကူညီ​ဆောင်​ရွက်​​ပေးနိုင်​ရန်​ ရည်​ရွယ်​ချက်​ဖြင့် FEG Institute မှာ အ​ကောင်​အထည်​​ဖေါ် ​ဆောင်​ရွက်​ခြင်းဖြစ်​ပါသည်​။
နိုင်​ငံတကာအသိအမှတ်​ပြု Diploma သင်​တန်​များဖြစ်​ခြင်း​ကြောင့် ချမှတ်​ထား​သော စံသတ်​မှတ်​ချက်​များအတိုင်း တိကျစွာသင်​ကြားပို့ချသွားမှာဖြစ်​​ပါသည်​။ ထို့အပြင် ​သက်​ဆိုင်​ရာ Assignment များအတွက်​ လက်​​တွေ့လိုအပ်​​သောသင်​တန်းများကို အခမဲ့ထပ်​ဖြည့်စွက်​သင်​ကြား​ပေးသွားမှာဖြစ်​​လို့ "ပို​ကောင်းပြီး ပိုသက်​သာသော ဒီပလိုမာပရိုဂရမ်​" ဖြစ်​​စေရန်​အတွက်​ FEG Institute မှ အခမဲ့စီစဉ်​​၍ အကျိုး​ဆောင်​​ပေမယ့် ပရိုဂရမ်​လည်း ဖြစ်​ပါသည်။

Economy Diploma Program ဆိုတာဘာလဲ။
Economy Diploma Program ဆိုသည်​မှာ သင်​တန်း​ကြေး ထက်​ဝက်​သက်​သာခွင့်နှင့် လစဉ်​အချိုးကျ အရစ်​ကျ​ပေးသွင်းခွင့်အပြင်​ သက်​ဆိုင်​ရာနိုင်​ငံများသို့ ​ပေးသွင်းရမည့် Registration Fees များကိုပါ ညှိနှိုင်း၍ အရစ်​ကျ​ပေးသွင်းနိုင်​ရန်​ Centre မှ စီစဉ်​​ပေးသော အစီအစဉ်​​တွေပါရှိသည့် ပရိုဂရမ်​ပဲဖြစ်​ပါသည်။
·         Economy Diploma Program အား တက်​​ရောက်​ခွင့်ရရှိပါက သတ်​မှတ်​သင်​တန်း​ကြေး၏ ထက်​ဝက်​ သက်​သာခွင့်ရရှိခြင်း၊ (သက်​ဆိုင်​ရာ Diploma ​ပေါ်မူတည်​၍ အ​ရေအတွက်​ ကန့်သတ်​ချက်​ရှိပါသည်​။)
·         ​ပေးသွင်းရမည့် သင်​တန်း​ကြေးထက်​ဝက်​အား လစဉ်​အချိုးကျ အရစ်​ကျ​စနစ်​ဖြင့် ​ပေးသွင့်ခွင့်ရရှိခြင်း၊ (ဘာသာရပ်​တစ်​ခုအတွက်​ ပထမဆုံးအပ်နှံသူ ၁၀ ဦးသာ ကန့်သတ်လက်ခံမှာဖြစ်​ပါသည်​။)
·         ပေးသွင်​ရမည့် Registration Fees ကို အရစ်​ကျ​ပေးသွင်းနိုင်​ရန် စီစဉ်​​ပေးခြင်း၊ (ဘာသာရပ်​တစ်​ခုအတွက်​ ပထမဆုံးအပ်နှံသူ - ၅ ဦးသာ ကန့်သတ်လက်ခံမှာဖြစ်​ပါသည်။​)

ဘယ်​လိုလူ​တွေ ​လျှောက်​ထားခွင့်ရရှိမှာလဲ။
·         အခက်​အခဲများကြားမှ ရန်​ကုန်​မြို့သို့ ပညာသင်​ယူရန်​လာ​ရောက်​ကြ​သော နယ်​​ကျောင်းသားများအား တစ်​ဖက်​တစ်​လမ်းမှ ကူညီ​ပေးလို​သောရည်​ရွယ်​ချက်​ဖြင့် ​လျှောက်​ထားတက်​​ရောက်လို​သော နယ်ကျောင်းသားများ၊ (သန်​​ခေါင်​စာရင်း မိတ္တူတင်​ပြရပါမည်။​)
·         လုပ်​ငန်းခွင်​တွင်​ လက်​ရှိလုပ်​ကိုင်​​နေပြီး အခက်​အခဲများကြားမှ ဘဝတိုးတက်​​ရေးအတွက်​ မိမိအရည်​အ​သွေးကိုထပ်​မံမြှင့်တင်​လို​သော လုပ်​သား​ကျောင်းသားများ၊ (အလုပ်​မှ လက်​ရှိလုပ်​ကိုင်​​နေ​ကြောင်း ​ထောက်​ခံစာတင်​ပြရပါမည်။​)
·         ဆယ်​တန်းမ​အောင်​​သေး​သော်​လည်း ဘဝတက်​လမ်းမ​ပျောက်​ဆုံး​စေရန်​ ဆက်​လက်​​လေ့လာ သင်​ယူလို​သော ​ကျောင်းသားများ၊ (ဆယ်​တန်းတက်​​ရောက်​ခဲ့​ကြောင်း ​ထောက်​ခံစာ တက်​​ရောက်​နိုင်​ခွင့်အတွက်​ လိုအပ်​ပါက Centre Board အဖွဲ့မှ Interview စစ်​ပါမည်​။)

တက်​​ရောက်နိုင်မည့် Diploma သင်တန်းတွေက ဘာတွေလဲ။
  •  အင်္ဂလန်နိုင်ငံမှ ​ပေးအပ်​မည့် နိုင်​ငံတကာအသိအမှတ်​ပြု City & Guilds Diploma သင်​တန်းများ၊ City & Guilds Diploma သင်​တန်း အတွက် Link ကိုနှိပ်၍ ပိုမိုလေ့လာရန်။
  • မလေးရှားနိုင်ငံရှိ Lincoln University College နှင့် ချိတ်​ဆက်​၍ ဖွင့်လှစ်သင်ကြားပေးသွားမည့် Euroskills Professional Executive Diploma သင်တန်းများ၊ Professional Executive Diploma သင်တန်း အတွက် Link ကိုနှိပ်၍ ပိုမိုလေ့လာရန်။

အလုပ်တစ်ဖက်နှင့်မအားလပ်သူတွေနှင့် နယ်အဝေးတွင်ရှိနေသော ကျောင်းသား၊ကျောင်းသူများ Register Form ကို လွယ်ကူစွာ ဖြည့်စွက်နိုင်ရန် CLICK HERE FOR ECONOMY DIPLOMA REGISTRATION ကိုနှိပ်၍ ဖောင်များ အမြန်ဖြည့်စွက်ပြီး အခုပဲ လျှောက်ထားလိုက်ပါ။



သင့်ဘဝအတွက်​ အာမခံချက် အပြည့်အဝရနိုင်​မည့် နိုင်​ငံတကာအသိအမှတ်ပြု အင်​ဂျင်​နီယာဆိုင်​ရာ ဒီပလိုမာသင်​တန်းများကို လစဉ် ၃,,၅ သောင်းသွင်းပြီး အခက်​အခဲမရှိ FEG မှာ ယုံကြည်​စိတ်​ချစွာ တက်​​ရောက်​နိုင်​ပါပြီ။

စိတ်ဝင်စားလို့ အသေးစိတ်အချက်အလက်တွေကို သိရှိလိုတယ် ဆိုရင်တော့ ဖုန်း - 09 76 5155373, 09 95 5155373 သို့ ဆက်သွယ်၍ ဖြစ်စေ၊ FEG Institute ၊ ၃၈ လမ်းစျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ​ကျောက်​တံတားမြို့နယ်​၊ ရန်​ကုန်​မြို့ သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

No comments:

Post a Comment