About Us


FEG Institute သည် ၂၀၀၆ ခုနှစ်မှ စတင်၍ သင်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ သက်မွေးပညာရေးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို အဓိကထား သင်ကြားပို့ချပေးလျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်တွင် FEG LTD. အဖြစ် ကုမ္ပဏီများဥပဒေနှင့်အညီ ကုမ္ပဏီမှတ်ပုံတင်၍ လုပ်ငန်းများကို စနစ်တကျ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါသည်။ အင်္ဂလန်နိုင်ငံ City & Guilds of London Institute သို့ ပူးပေါင်းချိတ်ဆက်ပြီး Approved Centre ရယူကာ ၎င်းမှ ချီးမြှင့်သည့် နိုင်ငံတကာ အသိအမှတ်ပြု အောင်လက်မှတ်နှင့် ဒီပလိုမာ သင်တန်းများကိုလည်း ၎င်းတို့၏ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပို့ချပေးလျက်ရှိပါသည်။ ထို့အပြင် မလေးရှားနိုင်ငံ၊ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနမှ ပေးအပ်သော Five Star 2017 Excellent Award ဆုရ Lincoln University College နှင့် မလေးရှားနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန အသိအမှတ်ပြု Euroskills & Technical & Vocational Academy - ETVA တို့မှ ပူးတွဲပေးအပ်ချီးမြှင့်မည့် Professional Executive Diploma သင်တန်းများကိုလည်း သင်ကြားပို့ချလျက်ရှိပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာများအဖြစ် သင်ကြားပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ အဓိက ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် သက်မွေးပညာရေးကဏ္ဍကို ပုဂ္ဂလိကကဏ္ဍမှ မြှင့်တင်ပေးရန်နှင့် ငွေကြေးတတ်နိုင်ခြင်းမရှိသော ကျောင်းသူကျောင်းသားများအတွက် ငွေကြေးကုန်ကျမှုသက်သာပြီး အသက်မွေးဝမ်းကြောင်းပညာရေးတစ်ခုကို လက်လှမ်းမီ သင်ယူနိုင်စေရန်အတွက် “တတ်မြောက်ဖို့၊ သက်သာဖို့ အဓိကအလေးထားသော” အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာသင်ကျောင်း လုပ်ငန်းရှင်များအသင်း Myanmar Private TVET Association (MPTA) ၏ အသင်းဝင်ဖြစ်ပြီး အသင်းစတင် တည်ထောင်ရန် လုပ်ငန်းအဖွဲ့စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပြီး ယနေ့ထိ အသင်းဝင်ကျောင်းများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ FEG Institute အနေဖြင့် မြန်မာနိုင်ငံ၏ သက်မွေးပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိပါသည်။

No comments:

Post a Comment