City & Guilds (UK) Diploma Programme
#နိုင်ငံတကာအသိအမှတ်ပြုအင်ဂျင်နီယာတစ်ယောက်ဖြစ်လိုပါသလား?
#ရည်ရွယ်ချက်တွေကိုမှန်ကန်စွာရွေးချယ်ဖို့လိုပါတယ်
✔ လက်ရှိသင်ရောက်ရှိနေသောပညာရေးရပ်ဝန်းမှ ခွဲထွက်ပြီး အင်ဂျင်နီယာတစ်ယောက်အဖြစ် ဂုဏ်ယူဝင့်ကြွာစွာ ရပ်တည်လိုပါသလား?
✔ နည်းပညားများတစ်​ရှိန်​ထိုး တိုးတက်​လျက်​ရှိသောယခုအခါတွင်​ ကမ္ဘာ​ပေါ်ရှိစက်​မှုလုပ်​ငန်းကြီးများသည်​ ကွန်​ပျူတာကိုအ​ခြေခံ​ပြီး စက်​ရုပ်​များ၊ Automation စက်​များကို cloud နည်းပညာဖြင့်တွက်ချက်မှုများပါဝင်​သည့် အင်​တာနက်​ချိတ်​ဆက်​မှုများဖြင့် ​စောင့်ကြည့် ထိန်းချုပ်​ကွပ်​ကဲပြီး Industry 4.0 အဆင့်ကိုမြှင့်တင်​ထား​သော "smart factory" များအဖြစ်​ စတုတ္ထအကြိမ်​​မြောက်​ စက်​မှု​တော်​လှန်​​ရေးကို​ဖေါ်​ဆောင်​ပြီး လုပ်​ငန်းများကို တွင်​ကျယ်​စွာ​ဆောင်​ရွက်​​နေကြပြီဖြစ်​သည်​။
ကျွန်ုပ်​တို့သည်​လည်း အဆင့်အတန်းမီ​သော အင်​ဂျင်​နီယာနည်းပညာရပ်​များကို ပိုမိုအားစိုက်​၍​ ​လေ့လာလိုက်​စားရန်​လိုအပ်​လာပါပြီ သို့မှသာ​ကမ္ဘာနှင့်လိုက်​​လျောညီ​ထွေရှိမည့် စမတ်​ကျ​သော "Engineer" တစ်​​ယောက်​ဖြစ်​လာပြီး မိမိနိုင်​ငံအား ကမ္ဘာနှင့်ရင်​​ဘောင်​တန်းနိုင်​​အောင်​ ပါဝင်​​ဆောင်​ရွက်​နိုင်​မည်​ဖြစ်​ပါသည်​။
"Smart Engineer" တစ်​​ယောက်​ဖြစ်​လာ​စေ​ရန်​အတွက်​ smart ကျ​သော သင်​ရိုးညွှန်းတမ်း၊ smart ကျ​သောသင်​ကြားမှုပုံစံ၊ smart ကျ​သော ပညာ​​ရေးထိန်း​ကျောင်းမှုစနစ်​၊ smart ကျ​သော စာ​မေးပွဲ​ဖြေဆိုမှုပုံစံများပါဝင်​​သည့် ​တော်​ဝင်​အမိန့်ဖြင့် ဖွဲ့စည်းထား​​သော သတ်​မှတ်​အရည်​အချင်းပြည့်မီ​သည့် နိုင်​ငံတကာအသိအမှတ်​ပြု City & Guilds ဒီပလိုမာသင်​တန်းများကို FEG မှာ ဖွင့်လှစ်​သင်​ကြားသွား​တော့မှာဖြစ်​​ပါသည်။
#ရွေးချယ်မှုတွေမှန်ကန်ဖို့လိုပါတယ်
✔ အဆင့်အတန်းမီသော နိုင်ငံတကာအသိအမှတ်ပြု အင်ဂျင်နီယာ ဒီပလိုမာလက်မှတ်များကို ပြည်တွင်း၌ပင် ရယူလိုသော ကျောင်းသား/သူများ အတွက် FEG Institute မှ City and Guilds of London Institute (UK) သို့ ပူးပေါင်း ချိတ်ဆက်ပြီး Approved Centre ရယူကာ ဖွင့်လှစ်သော City and Guilds (UK) မှ ချီးမြင့်သည့် နိုင်ငံတကာအသိအမှတ်ပြု Diploma လက်မှတ် ရရှိနိုင်မည့် အင်ဂျင်နီယာသင်တန်းကို ရွေးချယ်တက်ရောက်ဖို့ လမ်းညွှန်မိတ်ဆက်လိုက်ပါသည်။
#တစ်ကယ်ဖြစ်ချင်တစ်ကယ်လုပ်
✔ ၁၀တန်းဖြေဆိုပြီးသူများမှ စ၍မည်သည့်ဘွဲ့ရမဆို မိမိရောက်ရှိနေသော ပညာအရည်အချင်းအလိုက် Level အဆင့်များကို FEG Institute နှင့် ဆွေးနွေးညှိနှိုင်း၍ တက်ရောက်ဖြေဆိုနိုင်ပြီး Level များကို အဆင့်ဆင့် ဆက်လက်တက်ရောက်နိုင်ပါသည်။
✔ ရည်ရွယ်ချက်မြင့်မားစွာဖြင့် ပြည်ပတက္ကသိုလ်ကြီးများတွင် တက်ရောက်လိုပါကလည်း ဆက်လက်တက်ရောက်နိုင်ပြီး သက်ဆိုင်ရာဘာသာရပ်ကင်းလွတ်ခွင့်ရရှိနိုင်၍ ဘွဲ့နှင့် ဘွဲ့လွန် ဆက်တက်လိုသူများအတွက် အထူးသင့်တော်ပါသည်။
#ဘာပဲလုပ်လုပ်အခြေခိုင်ဖို့တယ်
✔ City & Guilds သင်ရိုးအပြင် အင်ဂျင်နီယာတစ်ယောက်အတွက် အခြေခံကောင်းတွေရရှိဖို့အတွက် ၃လ Foundation သင်တန်းများနှင့် မဖြစ်မနေတတ်ထားရမည့် သက်​ဆိုင်​ရာ skill သင်​တန်းများကိုလည်း ဘာသာရပ်အလိုက် FEG Institute မှ အခမဲ့ ဖြည့်စွက်သင်ကြားပေးသွားမှာ ဖြစ်​ပါသည်။
#FEG ဆိုတာဘယ်လိုအဖွဲ့အစည်းလဲ
ကျွန်ုပ်တို့ FEG LTD. သည် FEG Institute ကို ၂၀၀၆ ခုနှစ်တွင် တည်ထောင်ကာ ကွန်ပျူတာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို စတင်ဖွင့်လှစ် သင်ကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၁၃,၀၀၀ ကျော် မွေးထုတ်ခဲ့ပြီးဖြစ်ပါသည်။
ထို့အပြင် "မိုးမြင့်ကြယ်စာပေတိုက်" အမည်ဖြင့် FEG Institute နှင့်တွဲဖက်ကာ အင်​ဂျင်​နီယာအဘိဓာန်​၊ မြို့ပြအဘိဓာန်​၊ လျှပ်​စစ်​အဘိဓာန်​၊ စက်​မှုအဘိဓာန်​ စာအုပ်အပါအဝင် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ စာအုပ် အုပ် (၅၀) ​ကျော်ပြုစုထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ City & Guilds ၏ Approved Centre (No.836058) ကို တရားဝင်ရယူထားပြီးဖြစ်၍ အရည်အချင်းပြည့်မီပြီး ယုံကြည်မှုအပြည့်ရှိသော မျိုးဆက်သစ်အင်ဂျင်နီယာများ ​ပေါ်ထွန်းလာရေးအတွက် အထူးအာရုံစိုက်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
#ယုံကြည်ဖို့လိုပါတယ်
✔ ထို့ကြောင့် NQF (National Qualifications Framework) နှင့်အညီ နိုင်ငံတကာအသိအမှတ်ပြု အငယ်တန်းအင်ဂျင်နီယာမှသည် နိုင်ငံတကာအသိအမှတ်ပြု B.E အင်ဂျင်နီယာနှင့် ပါရဂူဘွဲ့များရသည်အထိ မိမိအရည်အချင်းအလိုက် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များရယူနိုင်မည့် အင်ဂျင်နီယာသင်တန်းများ တက်ရောက်ရန်အတွက် FEG Institute မှ လှိုက်လှဲစွာဖြင့် ဖိတ်ခေါ်ပါသည်။ အဆင့်အတန်းမီသော အင်ဂျင်နီယာတစ်ယောက်ဖြစ်လိုသည့် သင်၏ရည်ရွယ်ချက်များကို FEG Institute မှ အစွမ်းကုန်ဖြည့်ဆည်းပေးမည်ဖြစ်ပါသောကြောင့် သင်၏စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်ရန် FEG Institute နှင့် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းအပ်ပါသည်။
"အနာဂါတ်​တွင်​ smart ကျ​သော မျိုးဆက်​သစ်​ smart engineer ဖြစ်​လိုသူတိုင်း FEG မှာ ​ကျောင်းတက်​ဖို့ ဖိတ်​​ခေါ်ပါသည်။​"
(Zawgyi Version)
#ယုံကြည်ဖို့လိုပါတယ်
City & Guilds (UK) Diploma
Diploma in Engineering Civil
Diploma in Engineering Electrical & Electronics
Diploma in Engineering Mechanical (Manufacturing)
Diploma in Engineering Mechanical (Maintenance)
No comments:
Post a Comment