Our Announcement


လုပ်ငန်းအမှတ်တံဆိပ် တစ်ဦးတည်းမူပိုင်ဖြစ်ကြောင်း အသိပေး‌ကြေညာချက်




ဤဖော်ပြထားသော FEG® လုပ်ငန်းအမှတ်တံဆိပ်ကို တစ်ဦးတည်းမူပိုင်ပြုလုပ်သုံးစွဲရန် ရန်ကုန်တိုင်းဒေသကြီး၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်သွင်းခဲ့ပြီး၍ သုံးစွဲနေခြင်းဖြစ်ပါသည်။

ဤ FEG® လုပ်ငန်းအမှတ်တံဆိပ်ကိုအသုံးပြု၍ ၂၀၀၆ ခုနှစ်မှ စတင်ကာ ယနေ့အထိ လုပ်ငန်းများလုပ်ကိုင်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းများနှင့်ပတ်သက်သည့် စာရွက်စာတမ်းအမှတ်အသားများအားလုံး၊ ဆိုင်းဘုတ်၊ လက်ကမ်းကြော်ငြာများနှင့် အင်တာနက်စာမျက်နှာများတွင် ဤ FEG® အမှတ်တံဆိပ်ကို အသုံးပြုပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝှမ်းလုံးတွင် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ဤ FEG® လုပ်ငန်းအမှတ်တံဆိပ်ကို ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ တံဆိပ်တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပုံတူပုံမှား၊ ထင်ယောင်ထင်မှား တုပပြုလုပ်ခြင်း စသည်တို့ကို မပြုလုပ်ရန် တားမြစ်အပ်ပါသည်။ မှီငြမ်းတုပပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

No comments:

Post a Comment