2019 December Intake အတွက် Foundation ကျောင်းသားသစ်များ ခေါ်ယူခြင်း


UK နိုင်ငံ City and Guilds of London Institute မှပေးအပ်ချီးမြှင့်သော နိုင်ငံတကာအသိအမှတ်ပြု Diploma လက်မှတ်များအတွက် foundation သင်တန်းများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် တန်းခွဲသစ်များစတင်ပါမည်။
သတ်မှတ်ထားသောကန့်သတ်ရက်အတွင်း သင်တန်းအပ်နှံပါက သင်တန်းကြေး ၂၀% သက်သာခွင့် ရရှိမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော အခွင့်အလမ်းများအတွက် အောက်ပါဖေါ်ပြပါ Link အတွင်း ဝင်ရောက်၍ လည်း Economy Diploma Programme ကို လျှောက်ထားနိုင်ပါသည်။

မြန်မာနိုင်ငံတွင်တက်ရောက်နိုင်သောနိုင်ငံတကာအသိအမှတ်ပြု အင်ဂျင်နီယာဒီပလိုမာသင်တန်းများတွင် အကောင်းဆုံးနှင့် ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်သော UK နိုင်ငံရှိ City & Guilds သည် သက်ဆိုင်ရာ ကဏ္ဍအသီးသီမှ လိုအပ်မည့်အရည်အချင်းပြည့်မီသော အတတ်ပညာရှင်များ၊ အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရန်အတွက် အဆင့်မြင့် သင်ရိုးညွှန်းတမ်းများရေးဆွဲပြဌာန်းပြီး နှစ်စဉ် ဇွန်လနှင့် ဒီဇင်ဘာလများတွင် စာမေးပွဲများစစ်ဆေးကာ ဒီပလိုမာလက်မှတ်များကို နှစ်စဉ် ၂ သန်းခန့် ချီးမြှင့်ပြီး ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးလျက်ရှိသော နိုင်ငံတကာပညာရေးအဖွဲ့အစည်း (Awarding Body) တစ်ခုဖြစ်သည်။
FEG Institute တွင် အခြေခံပိုင်နိုင်စေရန်အတွက် City & Guild ကို Leve 2 မှ စတင်သင်ကြားပေးလျှက်ရှိပါသည် Level 2 အောင်မြင်ပါက Skill Diploma အဆင့်ရှိသော Diploma လက်မှတ် ရရှိပါမည် Level 3 အောင်မြင်ပါက Technician အဆင့်ရှိ diploma လက်မှတ်ရရှိပါမည် Level 4 အောင်မြင်ပါက Junior Engineer အဆင့်ရှိ Diploma လက်မှတ်ရရှိပါမည်Level 5 အောင်မြင်ပါက Senior Engineer အဆင့်ရှိ Diploma လက်မှတ်ရရှိပါမည် မြန်မာနိုင်ငံရှိ ကျောင်းသားများအနေဖြင့် စိတ်အားထက်သန်ပြီး အရည်အချင်းရှိပါက City & Guilds UK နှင့် ချိတ်ဆက်ထားသော ပြည်ပနိုင်ငံများရှိ University များတွင် ဆက်လက်တက်ရောက်ပြီး Bachler, Master နှင့် Ph.D ဘွဲ့များရသည်အထိ ဆက်လက်တက်ရောက်နိုင်ပါသည်
FEG Institute တွင် တက်ရောက်နိုင်သော ဘာသာရပ်များ -
City & Guilds (UK) အဖွဲ့အစည်းမှ ပြဌာန်းထားသော ဘာသာရပ်များစွာရှိသည်အနက် မြန်မာနိုင်ငံရှိ ကျောင်းသား/သူများအတွက် အသင့်တော်ဆုံးနှင့် လက်တွေ့လုပ်ငန်းခွင်၌ အသုံးဝင်နိုင်ဆုံးဖြစ်သည့်
Civil Engineering
(Level 3,4,5)
Electrical & Electronic Engineering
(Level 2,3,4,5)
Mechanical Engineering
(Maintenance Technology) (Level 2,3,4,5)
(Manufacturing Technology) (Level 2,3,4,5) စသည့်ဘာသာရပ်များကို FEG Institute တွင်တက်ရောက်နိုင်ပါသည်။

City & Guilds ၏ နောက်ခံသမိုင်း
City and Guilds of London Institute သည် UK ရှိ ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၈၇၈ ခုနှစ်၊ နိုဝင်ဘာ (၁၁) တွင် စတင်တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၁၄၀ ကျော်ခဲ့ပြီဖြစ်သည်။
ယခုအခါနိုင်ငံပေါင်း ၁၀၀ ကျော်ရှိ Centre ပေါင်း ၈၅၀၀ ကျော်မှ တရားဝင်မှတ်ပုံတင်ပြီး Approved Centre များ ရယူကာ City & Guilds ၏ သင်ရိုးညွှန်းတမ်းများအတိုင်း လေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။
City & Guilds ကို ၁၉ဝဝ ပြည့်နှစ်ကတည်းက ဗစ်တိုးရီးယား ဘုရင်မကြီးကိုယ်တိုင် ထောက်ခံအားပေးခဲ့ပြီး Royal Charter (RC 117) လက်အောက်တွင် လည်ပတ်လုပ်ဆောင်နေသော Institute တစ်ခုဖြစ်သည်။ King Edward VII လွန်ပြီးနောက် ဝေလမင်းသားသည် Institute ၏ ပထမဆုံးပါမောက္ခချုပ် (President) ဖြစ်လာပြီး ယနေ့အထိတော်ဝင်မိသားစုမှ ထိန်းကျောင်းလျှက်ရှိပါသည်။

City & Guilds ၏ အဓိကအင်္ဂါရပ်နှင် အကျိုးကျေးဇူးများကို အောက်ပါ Link တွင် ကြည့်ပါ -

သင်ကြားမည့်စနစ် -
ဘာသာရပ်အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် ဖြေဆိုရမည်ဖြစ်သော်လည်း အတွေ့အကြုံရင့်ဆရာများမှ မြန်မာလိုပါ နားလည်အောင် အစဆုံးသင်ကြားမည်ဖြစ်ပြီး Assignment ဘာသာရပ်အတွက် လိုအပ်သည့် Practical Course များကိုပါ အခမဲ့ ထည့်သွင်းပေါင်းစပ် သင်ကြားပေးသွားမည်ဖြစ်သောကြောင့် တက်ရောက်သင်ယူသော ကျောင်းသားများအတွက် များစွာအကျိုးဖြစ်ထွန်းစေပါမည်။

📄 စာမေးပွဲပုံစံ
စာမေးပွဲများကို နှစ်စဉ် ဇွန်နှင့် ဒီဇင်ဘာလများတွင်ဖြေဆိုရမည်ဖြစ်သည်။ လက်တွေ့ Assignment ဘာသာရပ်များကို UK မှ သတ်မှတ်ပေးထားသော Local Exam (Written) ဖြေဆိုရမည်ဖြစ်ပြီး ကျန် သီအိုရီဘာသာရပ်များကို UK မှ တိုက်ရိုက်စစ်ဆေးသော Online Test နှင် Written Exam များကို ဖြေဆိုပေးရမည်ဖြစ်သည် (မှတ်ချက် - Level 3 မှစ၍ဘာသာရပ်အားလုံးကို ၆လအတွင်း တစ်ပြိုင်တည်းဖြေဆိုရန် မလွယ်ကူပါ ထို့ကြောင့် Centre မှ ချမှတ်ပေးမည့် အဆင်အပြေဆုံးဖြစ်နိုင်မည့် လမ်းညွန်ချက်များအတိုင်း သင်ကြားဖြေဆိုရပါမည်။)

💰 သင်တန်းကြေး -
Level 2 အတွက်သင်တန်းကြေးမှာ ၅သိန်းကျပ်၊ Level 3 အတွက်သင်တန်းကြေးမှာ ၆သိန်းကျပ်၊ Level 4 အတွက်သင်တန်းကြေးမှာ ၈သိန်း၊ Level 5 အတွက်သင်တန်းကြေးမှာ ၁၀သိန်းကျပ် ဖြစ်ပြီး စာရွက်စာတမ်းကြေး ၅သောင်းကျပ် ကျသင့်မှာ ဖြစ်ပါသည်။ ဘာသာရပ်အလိုက် စာမေးပွဲကြေးနှင့် မှတ်ပုံတင်ကြေးများကို AYA ဘဏ်မှ တစ်ဆင့် UK သို့ ထပ်မံပေးသွင်းရပါမည်။

တက်ရောက်နိုင်သူများ -
City & Guilds တက်ရောက်ရန်အတွက်လိုအပ်ချက်များမှာ - အနည်းဆုံး တက္ကသိုလ်ဝင်တန်း ဖြေဆိုဘူးသူများဖြစ်ရမည်ဖြစ်ပြီး မိမိတို့ လက်ရှိရောက်ရှိနေသော ပညာအရည်အချင်းအလိုက် (မည်သည့် ဒီပလိုမာနှင့် ဘွဲ့ရမဆို) တက်ရောက်နိုင်မည့် Level များကို Center နှင့်ညှိနှိုင်း၍ လေ့လာသင်ယူနိုင်ပါသည်။

Foundation တွင် သင်ကြားမည့် ဘာသာရပ်များ -
Foundation course Time Table (5 Subject)
(Engineering English, Mathematics, Science, Drawing, Computer Basic)

ထို့ကြောင့် အခွင့်အရေးများ လက်မလွှတ်ရအောင် FEG Institute မှာ အမြန်ဆုံးကျောင်းအပ်နှံဖို့လိုပါသည်။

သေးစိတ်ကို ဖုန်း - 09 76 5155373, 09 95 5155373 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ FEG Institute တည်ရှိရာ ၃၈ လမ်းစျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ သို့လူကိုယ်တိုင်လာရောက်ပြီးလည်းစုံစမ်းနိုင်ပါသည်


No comments:

Post a Comment