၁။ လူပေါင်းများစွာတို့၏
အသက်ကိုခြိမ်းခြောက်လျက်ရှိသော COVID-19
virus
ပြန့်ပွားနေခြင်းများကြောင့် ပညာသင်ယူနေကြသော သင်တန်းသား၊ သင်တန်းသူများ
လုံခြုံဘေးကင်းရေးကို အထူးအလေးပေးဆောင်ရွက်နေသည့်အတွက် မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးဌာနနှင့်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များကို လိုက်နာ၍ FEG Institute
တွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများအားလုံးကို (၁၉-၃-၂၀၂၀) ရက်နေ့မှစတင်၍
(၃၀-၄-၂၀၂၀) ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်းနှင့် သင်တန်းများကို (၁-၅-၂၀၂၀) ရက်နေ့တွင်
ယခင်အတိုင်းပုံမှန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
အသိပေးအကြောင်းကြားအပ်ပါသည်။
၂။ သင်တန်းများကို
ယာယီပိတ်ထားမည်ဖြစ်ပြီး အောင်လက်မှတ်ထုတ်ပေးခြင်း၊ ဒီပလိုမာသင်တန်းများ လျှောက်ထားခြင်း၊
သင်တန်းစုံစမ်းမေးမြန်းခြင်းနှင့် တန်းခွဲသစ်များလက်ခံခြင်း စသည်တို့ကို ပုံမှန်အတိုင်း
ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသိပေးတင်ပြအပ်ပါသည်။
မှတ်ချက်။ ။ အစိုးရအဖွဲ့အစည်းများမှ ထုတ်ပြန်သော လမ်းညွှန်ချက်များနှင့်အညီ
အပြောင်းအလဲများရှိပါက သင်တန်းပြန်လည်ဖွင့်လှစ်မည့်ရက်ကို ပြန်လည်ကြေညာပေးသွားမည်ဖြစ်ပါသည်။
FEG Institute
No comments:
Post a Comment