ယခုကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခြင်းခံထားရသော Corona virus (COVID-19) ကြောင့် FEG Institute အပါအဝင် သင်တန်းကျောင်းတော်တော်များများ ယာယီပိတ်ထားရပြီဖြစ်ပါသည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ City & Guilds ကျောင်းသား/သူများ၏ စာသင်ချိန်များ ပြည့်မီခြင်းမရှိမှုကြောင့် စာမေးပွဲဝင်ရောက်ဖြေဆိုရန် အခက်အခဲများနှင့်ကြုံတွေ့နိုင်မည်ကို ရှေးရှု၍ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသော City & Guilds ကျောင်းခွဲများ၏ကိုယ်စား FEG Institute မှ City & Guilds of London Institute သို့ အီးမေးလ်အကြောင်းကြားလွှာဖြင့် စာရေးပေးပို့ခဲ့ပါသည်။ ၎င်းတို့ဘက်မှလည်း စာမေးပွဲအချိန်စာရင်းကို ညှိနှိုင်းပေးရန်သဘောတူမည်ဖြစ်ပြီး အသေးစိတ်ကို (၃၁-၃-၂၀၂၀) ရက်နေ့တွင် နောက်ဆုံးထား၍ ကြေညာချက်ထုတ်ပြန်ပေးပို့မည်ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော City & Guilds ကျောင်းသား/သူများ စာသင်ချိန်မပြည့်မီ၍ စာမေးပွဲမဖြေဆိုနိုင်ကြမည်ကို စိတ်မပူကြရန်နှင့် စာမေးပွဲအချိန်နှင့်နေ့ရက်အတိအကျကို FEG Institute မှ ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။
FEG Institute
No comments:
Post a Comment